အထူးထောက်အကူပံ့ပိုးမှုများ

ဘီးတပ်ကုလားထိုင်

သင်၏လေကြောင်းခရီးစဉ်များတွင် ဘီးတပ်ကုလားထိုင်တစ်လုံး လိုအပ်မည်ဆိုပါက မိမိတို့ Reservation အဖွဲ့သို့ ခေါ်ဆိုလိုက်ပါ။ ၎င်းတို့အနေဖြင့် နောက်ထပ်သတင်းအချက်အလက်များနှင့်အတူ သင့်ကိုဝမ်းမြောက်ဝမ်းသာ ကူညီပေးသွားမည်ဖြစ်ပြီး သင်၏ကြိုတင်နေရာတောင်းခံခြင်းအတွက် လိုအပ်သည့်သတင်းအချက်အလက်များကိုပါ ဖြည့်စွက်ပြောကြားပေးမည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် ကျွန်ုပ်တို့ MAI ၏ အတွေ့အကြုံရှိဌာနခွဲသို့ ဆက်သွယ်ပါ။ 

ကလေးငယ်များအဖော်မပါပဲ ခရီးသွားလာခြင်း

တွေ့ဆုံအကူအညီယူဝန်ဆောင်မှု: မိမိတို့အနေဖြင့် မိဘများ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများ၏ မေတ္တာရပ်ခံချက်အရ အောက်ဖော်ပြပါ ခရီးသည်များအတွက် အဖော် (အစောင့်အရှောက်) တစ်ဦး ပေးနိုင်ပါသည် -
ခရီးသွားဖော်မပါသည့် ငယ်ရွယ်သူများ - အသက် ၆ နှစ်မှ ၁၂ နှစ်အထိ/ ကြား

  • ငယ်ရွယ်သည့်ခရီးသည်များ - အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိ/ ကြား
  • အသက် ၃ နှစ် (သို့မဟုတ်) ၄ နှစ်အရွယ် ကလေးငယ်များအား အခြား အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားရှိသည့် အခြားခရီးသည်နှင့်အတူ သွားလာခြင်း၊ အဆိုပါကလေးနှစ်ဦးလုံးအတွက် ခရီးသွားဖော်မပါသည့် ငယ်ရွယ်သူများ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။

မိခင်လောင်း (ကိုယ်ဝန်ဆောင်ခရီးသည်)

ကိုယ်ဝန်ဆောင်ထားသည့် (ကိုယ်ဝန်မည်မျှ ရက်သတ္တပတ်ရှိစေကာမူ) မိခင်လောင်းအနေဖြင့် ကုမ္မဏီဆရာဝန် (သို့မဟုတ်) လက်မှတ်ရဆရာဝန်တစ်ယောက်၏ ခရီးသွားလာနိုင်ကြောင်းထောက်ခံချက် လိုအပ်မည်ဖြစ်သည်။ ကိုယ်ဝန်ရက်သတ္တပတ် ၃၅ ပတ်နှင့် ၃၆ ပတ်ကြားရှိ မိခင်လောင်းသည် ဆရာဝန်တစ်ဦး (သို့မဟုတ်) လက်မှတ်ရသူနာပြုတစ်ဦး အဖော်အဖြစ် လိုက်ပါရမည်ဖြစ်သည်။ ကိုယ်ဝန် ၃၆ ပတ် နောက်ပိုင်းရှိ မိခင်လောင်းများ၏ ခရီးသွားလာမှုကို လက်မခံ၊ ခွင့်မပြုပေ။ အထက်ပါအကြောင်းအရာကိစ္စများနှင့်ပတ်သက်၍ သတင်းအချက်အလက်များပိုမိုရရှိနိုင်ရန် မိမိတို့ Reservation အဖွဲ့သို့ ခေါ်ဆိုလိုက်ပါ။

အထူးထောက်အကူပံ့ပိုးမှုများ

ပျက်စီးချွတ်ယွင်းနေသည့် ခရီးဆောင်အိတ်/ ပစ္စည်းများအတွက် ခရီးဆောင်အိတ်/ ပစ္စည်း ပျက်စီးချွတ်ယွင်းမှု/ ခိုးဝှက်ခံရမှု အစီရင်ခံစာကို မိမိတို့ MAI ဝန်ထမ်းမှ ပုံစံဖြည့်စွက်တင်ပြရမည်ဖြစ်သည်။ အကယ်၍ ခရီးသည်အနေဖြင့် ဆိုက်ရောက်ပြီးချက်ချင်း (အပ်နှံပစ္စည်းပြန်လည်ရွေးယူသည့်နေရာတွင်) ပျက်စီးချွတ်ယွင်းမှုကို သတင်းပေးပို့ပါက သတင်းပို့သည့်ခရီးသည်အား အစီရင်ခံစာမိတ္တူတစ်စောင် ထုတ်ပေးမည်ဖြစ်ပြီး ခရီးသည်အနေဖြင့် သက်ဆိုင်ရာလေကြောင်းခရီးစဉ်အတွက် တရားဝင်လက်မှတ်ကူပွန် (သို့မဟုတ်) မှတ်တမ်းတင်ထားသည့် ခရီးသည်အမည်လိပ်စာ (သို့မဟုတ်) E-ticket နံပါတ် (E-ticket ဖြင့် ခရီးသည်များ) များကို တရားဝင်တောင်းဆိုမှုကတ်ပြားနှင့်အတူ တင်ပြပေးရန်လိုအပ်မည်ဖြစ်သည်။

ခရီးဆောင်အိတ်/ ပစ္စည်းပျက်စီးချွတ်ယွင်းမှု/ ခိုးဝှက်ခံရမှု အစီရင်ခံစာကို ဖြည့်စွက်တင်ပြခြင်းမရှိသေးပါက ခရီးဆောင်အိတ်/ ပစ္စည်းရှိ ချိတ်ဆွဲထားသော Baggage Tag နှင့် (သို့မဟုတ်) တောင်းခံမှုကတ်ပြား (Claim Tag) တွင် ခရီးဆောင်အိတ်/ ပစ္စည်းကို “ပျက်စီးချို့ယွင်းပြီး လက်ခံရရှိသည်” (သို့မဟုတ်) “မသင့်လျော်သော ထုပ်ပိုးထားမှု” ပစ္စည်းစစ်ဆေးတွေ့ရှိချက်စသည့် ကန့်သတ်ထုတ်ပေးထားသော အခြေအနေများဖြင့် ခရီးသည်မှလက်ခံထားကြောင်း ဖော်ပြထားရမည်။ အဆိုပါအချက်မှာ သက်ဆိုင်ရာလေကြောင်းခရီးစဉ်အတွက် လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်း သို့မဟုတ် အခြားအပ်နှံထားရှိခြင်းမရှိသော ပစ္စည်းများနှင့်ပါ အကျုံးဝင်သက်ဆိုင်သည်။

နှောင့်နှေးကြန့်ကြာခဲ့မှုနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များ (ရှေးဦးစွာ ကုန်ကျစရိတ်လိုအပ်ချက်ရှိရမည်) အတွက်နှင့်/ (သို့မဟုတ်) ပျောက်ဆုံး (ပြန်လည်အစားပေးရမည့်) ခရီးဆောင်အိတ်/ ပစ္စည်းအတွက် တောင်းခံမှုအားလုံးကို စာဖြင့်ရေးသားရမည်ဖြစ်ပြီး မိမိတို့ MAI ရုံးသို့ ပေးပို့ရမည်။

  • ကုန်ကျစရိတ်များအား အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI မှ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ခရီးသည်များအား အသိပေးအပ်ပါသည်။
  • ခရီးသည်များအနေဖြင့် ခရီးသည်ကူပွန်၊ ခရီးသွားလာကြောင်းအထောက်အထားနှင့် (သို့မဟုတ်) အတည်ပြုသည့်မှတ်စုတို့ကို (တောင်းခံစာပေးပို့ရာတွင်) အတူထည့်သွင်းပေးနိုင်ပါသည်။
  • တောင်းခံမှုကတ်နှင့် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ်များအတွက် ပြေစာဖြတ်ပိုင်း ပူးတွဲပါရှိရမည်ဖြစ်သည်။

အပ်နှံခရီးဆောင်အိတ်/ ပစ္စည်း အမှန်တကယ်ပျောက်ဆုံးမှု ဖြစ်ပေါ်ခဲ့ပါက အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၊ အထွေထွေစည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များနှင့် (The Hague) သဘောတူစာချုပ်၊ (Warsaw) ကွန်းဗင်းရှင်း (ဝါဆော ညီလာခံ) ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များတွင် သတ်မှတ်ပြဌာန်းထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရီးသည်များအား အသိပေးအပ်ပါသည်။ တောင်းဆိုချက်အားလုံးကို စာဖြင့်ရေးသားတင်ပြရမည်ဖြစ်သည်။

ပျောက်ဆုံးပစ္စည်းများ

လေယာဉ်ပေါ်တွင်ကျန်ရစ်ခဲ့သည့် လက်ဆွဲခရီးဆောင်အိတ်မှ ပစ္စည်းများအတွက် မည်သည့်ပျောက်ဆုံး (သို့မဟုတ်) ထိခိုက်ပျက်စီးမှုအတွက်မဆို မိမိတို့ MAI အနေဖြင့် တာဝန်ယူမည်မဟုတ်ပေ။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းအနေဖြင့် အဆိုပါပစ္စည်းများကို အမှန်တကယ်ပိုင်ဆိုင်သူများထံ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ အကယ်၍ ထိုသို့သောပစ္စည်းများကို လေဆိပ်တွင်တွေ့ရှိပါက ၎င်းတို့ကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်သည်။ တောင်းဆိုမှုပေါ်တွင် မူတည်၍ အဆိုပါပစ္စည်းများကို သက်ဆိုင်ရာခရီးသည်ထံသို့ (ခရီးသည်၏ကုန်ကျစရိတ်ဖြင့်) ပြန်လည်ပေးပို့သွားမည်ဖြစ်သည်။ တန်ဖိုးရှိပစ္စည်းများအတွက် အမှန်တကယ်ပိုင်ဆိုင်ကြောင်း အတည်ပြုချက်ကိုလိုအပ်ပြီး ခရီးသည်အနေဖြင့် ပစ္စည်းပြန်လည်လက်ခံရရှိမှုအတွက် လက်မှတ်ရေးထိုးပေးရမည်ဖြစ်သည်။