Sky Smile အစီအစဉ်သည် ဆုချီးမြှင့်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး MAI နှင့် Air KBZ အနေဖြင့် Jade၊ Ruby နှင့် Diamond အဖွဲ့ဝင်အဆင့်သုံးဆင့်ကို ဂုဏ်ယူစွာပေးအပ်ထားပြီး အဖွဲ့ဝင်အဆင့်တိုင်းတွင် သီးခြားအကျိုးခံစားခွင့်များ ရှိမည်ဖြစ်ပါသည်။ Sky Smile အကျိုးခံစားခွင့်အစီအစဉ် အဖွဲ့ဝင်တစ်ဦးအနေ ဖြင့် MAI နှင့် Air KBZ ဖြင့် ပိုမိုစီးနင်းလိုက်ပါလေ ပိုမိုအကျိုးခံစားခွင့်ရလေဖြစ်မည်။ သင့်အဖွဲ့ဝင်အဆင့် မြင့်လေ အကျိုးခံစားခွင့် ပိုမိုရရှိလေဖြစ်ပြီး ခရီးမိုင်များပိုမိုစုဆောင်းနိုင်လေဖြစ်မည်။

အမှတ်စဉ် အဖွဲ့ဝင်အဆင့်သတ်မှတ်ချက် ခရီးမိုင်ပေါင်း
Jade ၀ - ၅၀၀၀ မိုင်
Ruby ၅၀၀၁ - ၁၀၀၀၀ မိုင်
Diamond ၁၀၀၀၁ နှင့်အထက်

မှတ်ချက်

  • အဖွဲ့ဝင်အဆင့်ခရီးမိုင်သက်တမ်းကာလမှာ MAI နှင့် Air KBZ ဖြင့် စီးနင်းခဲ့သည့်ရက်မှစတင်၍ ၂၄ လ ဖြစ်သည်။
  • အဖွဲ့ဝင်အဆင့်ဆက်လက်တည်ရှိခြင်း (သို့) နောက်တဆင့်သို့အဆင့်မြှင့်တင်ခြင်းသည် စီးနင်း စုဆောင်းခဲ့သောခရီးမိုင်ပေါ်တွင် မူတည်သည်။
  • အဖွဲ့ဝင်တစ်ဦးအနေဖြင့် ၂ နှစ်ဆက်တိုက် ခရီးမိုင်စုဆောင်းခြင်းမပြုနိုင်ပါက ကြိုတင်အသိပေးခြင်းမပြုပဲ အဖွဲ့ဝင်အဖြစ်မှ အလိုအလျှောက်ရပ်စဲခံရမည်ဖြစ်သည်။ ၄င်းအကောင့်တွင်
  • စုဆောင်းရရှိထားသောမိုင်များပါ ပယ်ဖျက်သွားမည်ဖြစ်သည်။
  • အ‌ဖွဲ့၀င်သည် Ruby အဆင့်သို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် လေယာဉ်လက်မှတ်လဲလှယ်ထုတ်ယူခွင့် ကို လျှောက်ထားနိုင်သည်။

Jade အဆင့်

အဖွဲ့ဝင်အဖြစ် စတင်သည့်အဆင့်

Jade အဆင့်အဖွဲ့ဝင်၏ စည်းကမ်းနှင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • အသက် (၁၂) နှစ်နှင့်အထက်။
  • MAI သို့မဟုတ် Air KBZ ဖြင့် လေယာဉ်လက်မှတ်တစ်စောင်ဝယ်ယူပြီး စီးနင်းလိုက်ပါခြင်း။
  • အဖွဲ့ဝင်သည် ၂၄ လအတွင်း အနည်းဆုံးလိုအပ်သည့်ခရီးမိုင်မပြည့်မီပါက (သို့မဟုတ်) လုံးဝခရီးသွား လာခြင်းမပြုပါက အဖွဲ့ဝင်အဆင့်လျှော့ချခံရမည်။ အဖွဲ့ဝင်အဆင့်ထိန်းသိမ်းထားရှိမှုသည် ခရီးသွားလာ မှုအပေါ်တွင် အခြေခံနေမည်ဖြစ်သည်။
  • အဖွဲ့ဝင်များသည် ခရီးမိုင်များစုဆောင်းရယူနိုင်ရန် Booking ပြုလုပ်စဉ်၊ လေယာဉ်လက်မှတ် ထုတ်ယူစဉ်နှင့် Check-in ကောင်တာများတွင် ၎င်းတို့၏အဖွဲ့ဝင်နံပါတ်များကို ဖော်ပြပေးရန်လိုအပ် မည်ဖြစ်သည်။
  • Jade အဆင့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးနောက် လိုအပ်သည့်ခရီးမိုင်များကို ပြည့်မီသည်နှင့် Ruby အဆင့်အဖွဲ့ဝင်အဖြစ်သို့ အဆင့်တိုးမြင့်ရန် သတ်မှတ်ချက်ပြည့်မီသည်။
  • အကျိုးခံစားခွင့်များအားလုံးသည် အကျိုးတူပူးပေါင်းပြေးဆွဲသည့် (Codeshare) လေကြောင်းလိုင်း များနှင့် မသက်ဆိုင်ပေ။

Jade အဆင့်အဖွဲ့ဝင်၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • ခရီးမိုင်ပေါင်းသည် လက်မှတ်အခြေအနေပေါ်မူတည်၍ တိုးပွားလာခြင်း။
  • ကြိုတင်နေရာတောင်းခံမှုစောင့်ဆိုင်းစာရင်းတွင် ဦးစားပေးခြင်း။
  • Sky Smile အစီအစဉ်နှင့် ချိတ်ဆက်ထားသည့် လုပ်ငန်းလက်တွဲဖက်များတွင် အပိုဆောင်းအကျိုး ခံစားခွင့်များရရှိခြင်း။

Ruby အဆင့်

Jade အဖွဲ့ဝင်တစ်ဦးသည် ခရီးမိုင်အမှတ် ၅,၀၀၁ မိုင် စုဆောင်းရရှိသည့်အခါ အဆိုပါအဖွဲ့ဝင်မှာ Ruby အဆင့်အဖွဲ့ဝင်အဖြစ်သို့ အဆင့်တိုးမြှင့်ရန် အလိုအလျောက် သတ်မှတ်ချက်ကိုက်ညီမည်ဖြစ်ပြီး ထပ်ဆောင်း အကျိုးခံစားခွင့်များ ပိုမိုရရှိမည်ဖြစ်မည်။

Ruby အဆင့်အဖွဲ့ဝင်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • အဖွဲ့ဝင်သည် အနည်းဆုံးလိုအပ်သည့်ခရီးမိုင်မပြည့်မီပါက Jade အဖွဲ့ဝင်အဆင့်သို့ လျှော့ချခံရမည်။
  • အကျိုးခံစားခွင့်များအားလုံးသည် အကျိုးတူပူးပေါင်းပြေးဆွဲသည့် (Codeshare) လေကြောင်းလိုင်း များနှင့် မသက်ဆိုင်ပေ။

Ruby အဆင့်အဖွဲ့ဝင်၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • ခရီးမိုင်ပေါင်းသည် လက်မှတ်အခြေအနေပေါ်မူတည်၍ တိုးပွားလာခြင်း။
  • ကြိုတင်နေရာတောင်းခံမှုစောင့်ဆိုင်းစာရင်းတွင် ဦးစားပေးခြင်း။
  • လေယာဉ်တက်ရန်စာရင်းပေးသွင်းမှုတွင် ဦးစားပေးခြင်း။
  • လေယာဉ်ပေါ်သို့တက်ရောက်ရန် ဦးစားပေးခြင်း။
  • ခရီးဆောင်အိတ်များသယ်ယူမှုတွင် ဦးစားပေးခြင်း။
  • ခရီးဆောင်အိတ်များ သယ်ယူရာတွင် Business ticket များအတွက် ၁၀ ကီလိုဂရမ်နှင့် Economy ticket များအတွက် ၅ ကီလိုဂရမ် ထပ်ဆောင်းအခမဲ့ သယ်ယူခွင့် ရရှိခြင်း။
  • Sky Smile အစီအစဉ်နှင့် ချိတ်ဆက်ထားသည့် လုပ်ငန်းလက်တွဲဖက်များတွင် အပိုဆောင်းအကျိုး ခံစားခွင့်များရရှိခြင်း။

Diamond အဆင့်အဖွဲ့ဝင်

Ruby အဖွဲ့ဝင်တစ်ဦးသည် ခရီးမိုင်အမှတ် ၁၀,၀၀၁ မိုင် စုဆောင်းရရှိသည့်အခါ အဆိုပါအဖွဲ့ဝင်မှာ Diamond အဆင့်အဖွဲ့ဝင်အဖြစ်သို့ အဆင့်တိုးမြှင့်ရန် အလိုအလျောက် သတ်မှတ်ချက်ကိုက်ညီမည်ဖြစ်ပြီး MAI နှင့် Air KBZ ၏ အစဉ်အမြဲစီးနင်းသော ခရီးသည်အဖြစ် အမြင့်ဆုံးအဆင့် အကျိုးခံစားခွင့်များကို ခံစားရရှိမည်ဖြစ်သည်။

Diamond အဆင့်အဖွဲ့ဝင်၏ စည်းကမ်းနှင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • Ruby အဖွဲ့ဝင်ကာလ တစ်နှစ်အတွင်း Ruby မှ Diamond သို့ အဆင့်မြှင့်ရန် လိုအပ်သည့်မိုင်များ ရရှိမှု
  • တစ်နှစ်အတွင်း သတ်မှတ်ထားသည့်မိုင်များကို မရရှိပါက Ruby အဆင့်သို့ အဆင့်လျှော့ချမည် ဖြစ်ပြီး သင်၏ Diamond အဖွဲ့ဝင်သက်တမ်း (၁နှစ်အတွင်း) မိုင်များစုဆောင်းရရှိခဲ့ပါက Diamond အဖွဲ့ဝင် အဖြစ် အသစ်ပြန်လည်သတ်မှတ်ပေးမည်ဖြစ်သည်။
  • အကျိုးခံစားခွင့်များအားလုံးသည် အကျိုးတူပူးပေါင်းပြေးဆွဲသည့် (Codeshare) လေကြောင်းလိုင်း များနှင့် မသက်ဆိုင်ပေ။

Diamond အဆင့်အဖွဲ့ဝင်၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • ခရီးမိုင်ပေါင်းသည် လက်မှတ်အခြေအနေပေါ်မူတည်၍ တိုးပွားလာခြင်း။
  • ကြိုတင်နေရာတောင်းခံမှုစောင့်ဆိုင်းစာရင်းတွင် ဦးစားပေးခြင်း။
  • လေယာဉ်တက်ရန်စာရင်းပေးသွင်းမှုတွင် ဦးစားပေးခြင်း။
  • လေယာဉ်ပေါ်သို့တက်ရောက်ရန် ဦးစားပေးခြင်း။
  • ခရီးဆောင်အိတ်များသယ်ယူမှုတွင် ဦးစားပေးခြင်း။
  • ခရီးဆောင်အိတ်များ သယ်ယူရာတွင် Business ticket များအတွက် ၂၀ ကီလိုဂရမ်နှင့် Economy ticket များအတွက် ၁၀ ကီလိုဂရမ် ထပ်ဆောင်းအခမဲ့ သယ်ယူခွင့် ရရှိခြင်း။
  • Sky Smile အစီအစဉ်နှင့် ချိတ်ဆက်ထားသည့် လုပ်ငန်းလက်တွဲဖက်များတွင် အပိုဆောင်းအကျိုး ခံစားခွင့်များရရှိခြင်း။
  • လေဆိပ်ရှိ VIP နားနေဆောင်တွင် အခမဲ့ဝင်ရောက်သုံးစွဲနိုင်ခြင်း (ရန်ကုန်လေဆိပ်တွင်သာ)
  • ရန်ကုန်လေဆိပ်တွင် အထူးသယ်ယူပို့ဆောင်မှု (လေဆိပ်နှင့် လေယာဉ်အကြား)
  • လေယာဉ်နေရာထိုင်ခုံ ရွေးချယ်နိုင်မှု
  • Sky Smile အစီအစဉ်၏ မိတ်ဖက်လုပ်ငန်းများမှ အထူးလျှော့ဈေးများ ထပ်ဆောင်းရရှိနိုင်မည်။

အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်

Sky Smile အစီအစဉ် ပြီးဆုံးရပ်တန့်ခဲ့ပါက အဖွဲ့ဝင်ဖြစ်မှုသည်လည်း အလိုအလျောက်ရပ်ဆိုင်း သွားမည်ဖြစ်သည်။

MAI နှင့် Air KBZ သည် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း တွေ့ရှိပါက Sky Smile အစီအစဉ် အဖွဲ့ဝင်အဖြစ်မှ ချက်ချင်းရပ်ဆိုင်းသွားမည်ဖြစ်သည် -

  • အဖွဲ့ဝင်တစ်ဦးသည် ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ (Terms & Conditions) ကို လိုက်နာရန်ပျက်ကွက်ပါက (သို့မဟုတ်) ရည်ညွှန်းစာများဖြင့် ဤ Terms & Conditions တွင် ပေါင်းစပ်ဖြည့်စွက်ထားသည့် အခြားစည်းမျဉ်းနှင့် သတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်ပါက (ဖော်ပြပါ Terms & Conditions တွင် ပေါင်းစပ်ဖြည့်စွက်ထားသည့် အခြားစည်းမျဉ်းနှင့် သတ်မှတ်ချက်များမှာ အဖွဲ့ဝင်များသို့ အချိန်မီအချိန်ကိုက်၊ အချိန်နှင့်တပြေးညီ ဆက်သွယ်အသိပေး အကြောင်းကြားထားပြီးဖြစ်သည်) အခြားမည်သည့် စည်းမျဉ်းနှင့် သတ်မှတ်ချက်များကိုမျှ ထိခိုက် နစ်နာမှုမရှိစေပဲ MAI နှင့် Air KBZ ၏ ခရီးသည်နားနေခန်း အသုံးပြုခွင့်၊ နေထိုင်ခွင့်အတွက် စည်းမျဉ်းစည်းကမ်းများသည် ဤ Terms & Conditions တွင် ပေါင်းစပ်ဖြည့်စွက်ထားသည်။
  • အဖွဲ့ဝင်တစ်ဦးသည် မှားယွင်းသော၊ မဆီလျော်သော (သို့မဟုတ်) ရိုင်းစိုင်းသော သတင်းအချက် အလက်ကို ပေးခြင်းဖြင့် Sky Smile အစီအစဉ်မှ အကျိုးခံစားခွင့်များ (သို့မဟုတ်) ဆုများကိုရရှိရန် ကြိုးပမ်းအားထုတ်လျှင် ထိုသို့သော သတင်းမျိုးကို တင်ပြသည့်အဖွဲ့ဝင်သည် အကျိုးဆက်အဖြစ် ထွက်ပေါ်လာမည့် မည်သည့်ဆုံးရှုံးမှုများအတွက်မဆို တာဝန်ခံရမည်ဖြစ်ပြီး မှားယွင်းစွာရယူ ထားသည့် Sky Smile အစီအစဉ်မှ မိုင်များကိုလည်း ပယ်ဖျက်ကြောင်း ကြေငြာသွားမည်ဖြစ်သည်။
  • အဖွဲ့ဝင်တစ်ဦးသည် ယဉ်ကျေးမှုနှင့်မလျော်ညီသော ဝတ်စားဆင်ယင်မှုဖြင့် ပြုမှုနေထိုင်ခြင်းကို လေယာဉ်ပေါ်တွင် (သို့မဟုတ်) MAI နှင့် Air KBZ ၏ ဥပစာတွင် (သို့မဟုတ်) MAI နှင့် Air KBZ ခရီးသည်များနားနေခန်း၊ MAI နှင့် Air KBZ မှ ထိန်းသိမ်းထားသော အခြားနေရာများ အပါအဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ခွင့်၊ အသုံးပြုခွင့်၊ နေထိုင်ခွင့်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်သည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပြုမှုဆောင်ရွက်လျှင်။
  • MAI နှင့် Air KBZ သည် Sky Smile အစီအစဉ် အကောင့်တ် (Account) များအား လိမ်လည် (အတုအယောင်) ဟု သံသယရှိပါက MAI နှင့် Air KBZ (သို့မဟုတ်) ၎င်း၏ မည်သည့်လုပ်ငန်း လက်တွဲဖက်မဆို ထိခိုက်မှုမရှိသည့်တိုင်အောင် အဆိုပါ အကောင့်တ် (Account) များကို ဆိုင်းငံ့ ထားမည်ဖြစ်သည်။ အဆိုပါ အကောင့်တ် (Account) ပိုင်ရှင် အဖွဲ့ဝင်များအား အသိပေးအကြောင်း ကြားခြင်းမပြုပဲ အစီအစဉ်မှ ထုတ်ပယ်သွားမည်ဖြစ်ပြီး ဆုအားလုံးမှ ရရှိထားသောမိုင်အားလုံးနှင့် ပြုလုပ်ထားသော မည်သည့်ကြိုတင်နေရာတောင်းခံထားမှု (Booking) ကိုမဆို ပယ်ဖျက်သွားမည် ဖြစ်သည်။ ထို့ပြင် အဆိုပါခရီးသည်အား Sky Smile အစီအစဉ် အဖွဲ့ဝင်ကတ်ကို ထပ်မံကိုင်ဆောင် ထားရန် (သို့မဟုတ်) အစီအစဉ်မှ
  • အကျိုးခံစားခွင့်များရယူရန် ခွင့်ပြုတော့မည်မဟုတ်ပေ။
  • အဖွဲ့ဝင်တစ်ဦးသည် ၂ နှစ်အတွင်း ခရီးသွားလာမှု လုံးဝမရှိခဲ့လျှင်။

 

Sky Smile အဖွဲ့၀င်များ အကောင့်၀င်ရန်/ အကောင့်ဖွင့်ရန်