မကြာခဏစီးနင်းသောခရီးသည်များအတွက် အစီအစဉ် Sky Smile Frequent Flyer Program သည် ၎င်း၏ အဖွဲ့ဝင်များအား MAI နှင့် Air KBZ လေကြောင်းခရီးစဉ်များအတွက် ဆုလေယာဉ်လက်မှတ်များ ထုတ်ပေးခြင်းဖြင့် သီးသန့်အထူးအခွင့်အရေးများကို ပေးအပ်လျက်ရှိပါသည်။ အဆင့်အားလုံး မှ အဖွဲ့ဝင်များ သည် အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များအရ ဆုလေယာဉ်လက်မှတ်အတွက် ရရှိထားသည့် မိုင်များဖြင့် အစားထိုး၍ အလဲအလှယ်ပြုလုပ်နိုင်သည်။ ရရှိထားသောမိုင်နှင့် အစားထိုး အလဲအလှယ် ပြုလုပ်ခြင်းသည် ဤအစီအစဉ်ပါခရီးမိုင်တွက်ချက်မှုစနစ်တွင် ဖော်ပြထားသည့်မိုင်များအပေါ် အခြေခံမည် ဖြစ်သည်။
လေကြောင်းလိုင်းများသည် လေကြောင်းလိုင်း၏စီးပွားရေး (သို့မဟုတ်) လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များအရ လိုအပ်သလို မိုင်များကို ပြင်ဆင်ပိုင်ခွင့်ရှိသည်။
မိုင်အစားထိုးလဲလှယ်ခြင်းအတွက် စည်းမျဉ်းစည်းကမ်းနှင့် ပြဌာန်းချက်များ
- မိုင်များကို အစားထိုးလဲလှယ်ရန် အဖွဲ့ဝင်များသည် “ဆုလက်မှတ်လျှောက်လွှာ” ကို ဖြည့်စွက်ရန် လိုအပ်သည်။ အဆိုပါ ဆုလက်မှတ်လျှောက်လွှာကို MAI နှင့် Air KBZ Website (သို့မဟုတ်) This email address is being protected from spambots. You need JavaScript enabled to view it. (သို့မဟုတ်) This email address is being protected from spambots. You need JavaScript enabled to view it. Email ဖြင့် လည်းကောင်း (သို့မဟုတ်) နီးစပ်ရာ MAI နှင့် Air KBZ လက်မှတ်အရောင်းရုံးခွဲများမှတဆင့်လည်းကောင်း ရယူလျှောက်ထား နိုင်ပါသည်။ သို့မဟုတ် အဖွဲ့ဝင်အနေဖြင့် ၎င်းဖွင့်လှစ်ထားသည့် အဖွဲ့ဝင်အကောင့်မှတဆင့် ဖြည့်စွက် လျှောက်ထားနိုင်သည်။
- မိုင်များကို အစားထိုးလဲလှယ်ရန်အတွက် အဖွဲ့ဝင်၏အကောင့်တွင် လွန်ခဲ့သည့် ၃ လအတွင်း အနည်းဆုံးခရီးစဉ်တစ်ကြောင်း ပျံသန်းစီးနင်းခဲ့ခြင်းရှိရမည်ဖြစ်သည်။
- လျှောက်လွှာများကို ဖြည့်စွက်ပြီးပါက အဖွဲ့ဝင်များအနေဖြင့် အထက်ဖော်ပြပါ Email လိပ်စာများသို့ Email ဖြင့် လျှောက်လွှာများပေးပို့ရန် (သို့မဟုတ်) MAI နှင့် Air KBZ လက်မှတ်အရောင်း ရုံးခွဲများသို့ တင်ပြရန်လိုအပ်ပါသည်။
- MAI နှင့် Air KBZ အနေဖြင့် သင်၏ဆုလက်မှတ်လျှောက်လွှာကို ဆုလက်မှတ်ထုတ်ပေးရမည့် ရက်မတိုင်မီ ရုံးတက်ရက် ၇ ရက် ကြိုတင်ရရှိရန် လိုအပ်ပါသည်။
- ဆုလက်မှတ်လျှောက်ထားခြင်းကို MAI နှင့် Air KBZ မှ လက်ခံပါက ဆုလက်မှတ်ကို Email ဖြင့်သော်လည်းကောင်း၊ ကိုယ်ရေးအကျဉ်းတွင် ထည့်သွင်းဖော်ပြထားသော အဖွဲ့ဝင်၏လိပ်စာပါ Email သို့ပေးပို့မည် (သို့မဟုတ်) ဖုန်းဖြင့် မိမိတို့၏လက်မှတ်အရောင်းရုံးတွင် လာရောက်ယူဆောင် ရန် အသိပေးအကြောင်းကြားသွားမည်ဖြစ်သည်။
- အဖွဲ့ဝင်များအနေဖြင့် တရားဝင်ဆုလေယာဉ်လက်မှတ်ရရှိရန် နီးစပ်ရာ MAI နှင့် Air KBZ လက်မှတ်အရောင်းရုံးခွဲသို့ ဆုလက်မှတ်လျှောက်လွှာကို တင်ပြရန်လိုအပ်မည်ဖြစ်သည်။ အဖွဲ့ဝင် သည် ဆုလက်မှတ်ကို လာရောက်ထုတ်ယူရန် အခြားပုဂ္ဂိုလ်တစ်ဦးအား ကိုယ်စားလှယ်လွှဲအပ် နိုင်သည်။ ထိုသို့ဆောင်ရွက်မည့်အခါ ကိုယ်စားလှယ်လွှဲစာပေါ်တွင် ကိုယ်စားလှယ်လွှဲအပ်သူ၏ အမည်ကိုရေးသားဖော်ပြပေးရန်နှင့် ထုတ်ယူမည့်သက်ဆိုင်ရာရုံးသို့ နိုင်ငံသားစိစစ်ရေးလက်မှတ် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကို တင်ပြရန်ဖြစ်သည်။ လျှောက်တင်ထားသည့်ဆုလက်မှတ်ကို အသိပေးအကြောင်းကြားသည့်ရက်မှ ၁လအတွင်း လာရောက်ယူဆောင်ရမည်ဖြစ်ပြီး လာရောက် ယူဆောင်ခြင်းမပြုပါက ထုတ်ပေးထားသည့်ဆုလက်မှတ်သည် အစားထိုးလဲလှယ်ထားသည့် မိုင်များနှင့်အတူ သက်တမ်းကုန်ဆုံးရှုံးသွားမည်ဖြစ်သည်။
- ဆုလက်မှတ်အတွက် လိုအပ်သည့်မိုင်များသည် အသွား/ အပြန်ခရီး (သို့မဟုတ်) ခရီးစဉ် တစ်ကြောင်းအပေါ်တွင် အခြေခံသည်။ အကယ်၍ ထုတ်ပေးထားသည့်ဆုလက်မှတ်သည် ပျောက်ဆုံး (သို့မဟုတ်) သက်တမ်းကုန်ဆုံးသွားပြီးနောက် အဖွဲ့ဝင်မှ အကျိုးခံစားခွင့်၊ ခရီးစဉ်လမ်းကြောင်း (သို့မဟုတ်) ခရီးသွားအဆင့်အတန်းတို့ကို ပြောင်းလဲရန်ဆန္ဒရှိပါက အောက်ပါအခြေအနေများဖြင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်သည် -
(က) ထုတ်ပေးထားသည့် ဆုလက်မှတ်သည် ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးနှင့် ရက်ပေါင်း ၃၀ အတွင်း သက်တမ်းကုန်ဆုံးခြင်းဖြစ်ပါက အဖွဲ့ဝင်အား ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံလျက် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။
(ခ) ထုတ်ပေးထားသည့် ဆုလက်မှတ်သည် တရားဝင်သက်တမ်းအတွင်း ရှိနေဆဲဖြစ်သော်လည်း အဖွဲ့ဝင်မှ အမည် (သို့မဟုတ်) ခရီးစဉ်လမ်းကြောင်းကို ပြောင်းလဲလိုပါက အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံလျက် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ - ဆုလေယာဉ်လက်မှတ်ကို သက်တမ်း ၆ လအတွင်း တစ်ကြိမ်သာ ပြန်လည်နေရာတောင်းခံခြင်း (Rebooking) ပြုလုပ်နိုင်မည်ဖြစ်သည်။ ဆုလေယာဉ်လက်မှတ်ကို လွှဲပြောင်းပေးခြင်း ခရီးစဉ်လမ်းကြောင်းပြောင်းလဲခြင်း (သို့မဟုတ်) တိုးချဲ့ခြင်းနှင့် ထပ်ဆောင်းအခကြေးငွေ ပေးချေလျက် ပိုမိုမြင့်သည့် အဆင့်အတန်း (Class) သို့ အဆင့်တိုးမြင့်ခြင်းတို့ကို ဆောင်ရွက်ခွင့်မပြုပေ။
- ဆုရရှိကြောင်းအထောက်အထားလက်မှတ်သည် ထုတ်ပေးသည့်နေ့မှ ရက်ပေါင်း ၃၀ အထိ တရားဝင်သက်တမ်းရှိမည်ဖြစ်သည်။
- MAI သို့မဟုတ် Air KBZ သည် ထုတ်ပေးထားသည့်ဆုလက်မှတ်၊ ဆုလေယာဉ်လက်မှတ်တို့နှင့် စပ်လျဉ်း၍ မည်သည့်ဆုံးရှုံးမှု (သို့မဟုတ်) ထိခိုက်ပျက်စီးမှုအတွက် တာဝန်ရှိမည်မဟုတ်ပေ။
- ဆုကိုလဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း (သို့မဟုတ်) မမှန်မကန်အသုံးပြုခြင်း မပြုရပါ။
- ဆု (သို့မဟုတ်) အကျိုးခံစားခွင့်လက်ခံရယူခြင်းနှင့် ဆက်စပ်လျက် (သို့မဟုတ်) လက်ခံရယူ ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်အခွန်အခ၊ ထပ်ဆောင်းငွေ (သို့မဟုတ်) တာဝန်များသည် အကျိုးခံစားခွင့်ရှိသူ၏ တာဝန်များသာဖြစ်ပြီး ကိုယ်တိုင်တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သည်။
- လက်တွဲဖက်အဖြစ်မှရပ်ဆိုင်းခြင်း၊ လေကြောင်းခရီးစဉ်အချိန်ဇယား ပြောင်းလဲခြင်း (သို့မဟုတ်) ထိန်းချုပ်နိုင်ခြင်းမရှိသော အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ကြိုတင်စာရင်းပေးသွင်းမှု မဖြစ်နိုင်ခြင်း (သို့မဟုတ်) ဆုထုတ်ပေးမှုမရခြင်းများ ဖြစ်ပေါ်ခဲ့ပါက MAI နှင့် Air KBZ အနေဖြင့် မည်သည့်တာဝန်ယူမှု (သို့မဟုတ်) တာဝန်ခံမှုကိုမျှ လက်ခံဆောင်ရွက်မည်မဟုတ်ပေ။
Sector | Bangkok | Singapore | Kolkata | Guangzhou | Incheon | Gaya | Yangon | Mandalay | Naypyitaw | Nyaung-U | Heho | Tachileik | Lashio | Kyaing Tong | Loikaw | Kalay | Khamti | Sittwe | Thandwe | Kyaukphyu | Dawei | Myeik | Kawthaung | Myitkyina | Putao |
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
Bangkok | x | x | x | x | x | x | 3150 | 5530 | 4410 | 5490 | 4710 | 4040 | 5750 | x | 4040 |
6750 |
x | 5820 | 4550 | x | 1370 | 1370 | 2510 | 7250 | x |
Singapore | x | x | x | x | x | x | 10400 | 13200 | 11980 | 13040 | 12390 | 11730 | 13490 | x | 11710 | 14330 | x | 13010 | 11730 | x | 8390 | 8390 | 6140 | 14980 | x |
Kolkata | x | x | x | x | x | x | 5560 | 4270 | 4630 | 3740 | 4800 | 6560 | 5160 | x | 5230 | 3120 | x | 2900 | 4160 | x | 7560 | 7560 | 9530 | 5220 | x |
Guangzhou | x | x | x | x | x | x | 10380 | 9550 | 9800 | 10240 | 9290 | 7600 | 8570 | x | 9210 | 10600 | x | 11520 | 10980 | x | 10150 | 10150 | 11560 | 8760 | x |
Incheon | x | x | x | x | x | x | 23210 | x | x | x | x | x | x | x | x | x | x | x | x | x | x | x | x | x | x |
Gaya | x | x | x | x | x | x | 7860 | 6360 | 6880 | 5930 | 6980 | 8700 | 7110 | x | 7460 | 5080 | x | 5200 | 7860 | x | 9840 | 9840 | 11750 | 6800 | x |
Yangon | 3150 | 10400 | 5560 | 10380 | 23210 | 7860 | x | 3050 | 1740 | 2690 | 2360 | 3060 | 3780 | 3320 | 1810 | 3980 | 5500 | 2700 | 1410 | 2140 | 2040 | 2040 | 4320 | 5220 | 6330 |
Mandalay | 5530 | 13200 | 4270 | 9550 | x | 6360 | 3050 | x | 1310 | 760 | 820 | 2340 | 1110 | 2010 | 1490 | 1350 | 2450 | 2110 | 2300 | x | x | x | x | 2250 | 3320 |
Naypyitaw | 4410 | 11980 | 4630 | 9800 | x | 6880 | 1740 | 1310 | x | 1080 | 700 | 2210 | 2140 | x | 630 | 2360 | 3760 | 1840 | 1260 | 1460 | x | x | x | 3510 | x |
Nyaung-U | 5490 | 13040 | 3740 | 10240 | x | 5930 | 2690 | 760 | 1080 | x | 1060 | 2830 | 1880 | 2600 | 1560 | 1300 | x | 1350 | 1680 | x | x | x | x | x | 3920 |
Heho | 4710 | 12390 | 4800 | 9290 | x | 6980 | 2360 | 820 | 700 | 1060 | x | 1940 | 1450 | 1620 | 680 | 2120 | 3220 | 2230 | 1940 | x | x | x | x | 2860 | 3980 |
Tachileik | 4040 | 11730 | 6560 | 7600 | x | 8700 | 3060 | 1950 | 2210 | 2830 | 1790 | x | 1950 | 540 | x | x | 4070 | x | 3390 | x | x | x | 6300 | 3320 | 4360 |
Lashio | 5750 | 13490 | 5160 | 8570 | x | 7110 | 3780 | 1110 | 2140 | 1880 | 1450 | 1950 | x | x | x | x | 2140 | x | x | x | x | x | x | x | x |
Kyaing Tong | x | x | x | x | x | x | 3320 | 2010 | x | 2600 | 1620 | 540 | x | x | x | 3290 | x | x | x | x | x | x | x | x | 3820 |
Loikaw | 4040 | 11710 | 5230 | 9210 | x | 7460 | 1810 | 1490 | 630 | 1560 | 680 | x | x | x | x | x | x | x | x | x | x | x | x | x | x |
Kalay | 6750 | 3980 | 3120 | 10600 | x | 5080 | 3980 | 1350 | 2360 | 1300 | 2120 | x | x | 3290 | x | x | 1920 | x | x | x | x | x | x | x | x |
Khamti | x | x | x | x | x | x | 5500 | 2450 | 3760 | x | 3220 | 4070 | 2140 | x | x | 1920 | x | x | x | x | x | x | x | x | x |
Sittwe | 5820 | 13010 | 2900 | 11520 | x | 5200 | 2700 | 2110 | 1840 | 1350 | 2230 | x | x | x | x | x | x | x | 1300 | 560 | x | x | 6880 | x | x |
Thandwe | 4550 | 11730 | 4160 | 10980 | x | 6460 | 1410 | 2300 | 1260 | 1680 | 1940 | 3390 | x | x | x | x | x | 1300 | x | 740 | x | x | x | x | x |
Kyaukphyu | x | x | x | x | x | x | 2140 | x | 1460 | x | x | x | x | x | x | x | x | 560 | 740 | x | x | x | x | x | x |
Dawei | 1370 | 8390 | 7560 | 10150 | x | 9840 | 2040 | x | x | x | x | x | x | x | x | x | x | x | x | x | x |
1020 |
2440 | x | x |
Myeik | 1360 | 7390 | 8440 | 10550 | x | 10710 | 3010 | x | x | x | x | x | x | x | x | x | x | x | x | x | 1020 | x | 1440 | x | x |
Kawthaung | 2510 | 6140 | 9530 | 11560 | x | 11750 | 4320 | x | x | x | x | 6300 | x | x | x | x | x | 6880 | x | x | 2440 | 1440 | x | x | x |
Myitkyina | 7250 | 14980 | 5220 | 8760 | x | 6800 | 5220 | 2250 | 3510 | x | 2860 | 3320 | x | x | x | x | x | x | x | x | x | x | x | x | 1120 |
Putao | x | x | x | x | x | x | 6330 | 3320 | x | 3920 | 3980 | 6330 | x | 3820 | x | x | x | x | x | x | x | x | x | 1120 | x |