MAI ဧ်။ အချက်အလက်များ

ကွမ်ကျိုး၏သုညအမှတ်

ယူဇူးစီရင်စုမှ ပြည်သူ့ပန်းခြံ၏ အလယ်လေးထောင့်ကွက်တွင်ရှိ စက်ဝိုင်းပုံဗဟိုချက်သည် ကွမ်းကျိုးမြို့၏ နှစ်ပေါင်း ၂၂၀၀ ရှိ သမိုင်းနှင့် ကွမ်ကျိုးမြို့၏ ပထဝီဝင်မူလအမှတ်တို့ နှစ်ခုလုံးကို သာဓက၊ ပြယုဒ်အဖြစ် ဖော်ပြထား ခြင်းဖြစ်သည်။

ပုလဲမြစ်

ကီလိုမီတာ ၂၁၂၉ ရှည်လျားသည့် ပုလဲမြစ်သည် တရုတ်ပြည်၏ တတိယမြောက် အရှည်လျားဆုံးမြစ်ဖြစ်သည်။ အရှေ့မြစ်၊ အနောက်မြစ်နှင့် မြောက်ပိုင်းမြစ်အမည်ရှိ မြစ်လက်တက်သုံးခုတို့ ကွမ်ကျိုးတွင် ပေါင်းဆုံကြပြီး  ရင်သပ်ရှုမောဖွယ် အလှတရားနှင့် မြို့တစ်မြို့ကို မွေးဖွားပေးခဲ့သည်။

ဗဟိုမဏ္ဍိုင်အသစ်

ကွမ်ကျိုးမြို့ ဆင့်ကဲဆင့်ကဲ အဆင့်ဆင့် ပြောင်းလဲလာချိန်တွင် များပြားစုံလင်လှသော အနုစိတ်လက်ရာမြောက် သည့် သမိုင်းဝင်အဆောက်အဦးများနှင့် အထိမ်းအမှတ် အဆောက်အအုံများဖြင့် အမှတ်အသား ပြုထားသည့် ကွမ်ကျိုး၏ မြို့ဟောင်းမဏ္ဍိုင်သည် တဖြေးဖြေးနှင့် ရုပ်လုံးပေါ်လာခဲ့သည်။
မြို့ဟောင်းမဏ္ဍိုင်မှာ ဥပစာမြောက် တင်စားပြောဆိုမှုများ၊ ထူထူထဲထဲဧရာမသမိုင်းစာအုပ်၊ မှတ်တမ်းတင်ထားသည့် မရေမတွက်နိုင်သော ဒဏ္ဍာရီများနှင့် သမိုင်းပုံပြင်များစသည့် ပေါကြွယ်ဝလှသော သမိုင်းဆိုင်ရာ သတင်း အထောက်အထားများ အကြား စူးဝင်နစ်မြုပ် ခိုင်တွယ်နေသည်။ ဤသည်မှာ ကွမ်ကျိုး၏ တကယ့် စစ်မှန်သော ရွှေရောင် ယဉ်ကျေးမှု အသက်သွေးကြော ပင်ဖြစ်သည်။